ကြံရည်သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ”


မတ်လ ၂၄
ကျန်းမာရေးကဏ္ဍကနေ ကြံရည်သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
ကြံရည်သောက်ခြင်းက ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမွန်နေမှ ခန္ဓာ ကိုယ်ရဲ့လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကောင်းစွာမလည်ပတ်နိုင်ရင် ပြင်ပရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပြင်ပရောဂါတွေကို ကာကွယ်တားဆီးဖို့အတွက် ကိုယ်ခံစွမ်းအား ကောင်းမွန်နေမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကြံရည်ကို သောက်ပေးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကို ဖြည့်ပေးနိုင်ရုံ တင်မက ကူးစက်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
အစာခြေစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ သကြားက အစာအိမ်ရဲ့ pH Level ကို ဟန်ချက် ညီစေနိုင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။ ကြံရည်က အစာခြေဖျက်စနစ်ကို ကောင်းမွန်စေ တာကြောင့် အစာကြေညက်မှုကို လျင်မြန်စေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကြံရည်က တားဆီးပေးရုံသာမက ဆီးလမ်းကြောင်းထဲရှိပိုးကိုပါ ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကျောက်တည်ခြင်းကို ကောင်းစွာထိန်းချုပ်ပေးနိုင်တဲ့အပြင် ကျောက်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြံရည်က ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသရာမှာ များစွာ အထောက်အကူပြုစေနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချရန် အထောက်ကူပြုနိုင်ပါတယ်။ ကြံရည်မှာပျော်ဝင်နေတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်လမ်းကြောင်းမှန်ပေါ် ရောက်စေနိုင်ပါတယ်။ ကြံရည်မှာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ သကြားဓာတ်လည်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရှိအဆီဓာတ်ကို လောင်ကျွမ်းစေနိုင်တဲ့ သဘာဝအယ်ကာလိုင်းတွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews