ဧရာဝတီတိုင်းဒေသကြီးမှ ဘုရားဖူးလာသည့် မော်တော်ယာဥ် ဓာတ်မီးတိုင်ကိုဝင်တိုက် ဘုရားဖူး ၄ ဦးသေဆုံ

းမတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးမှ ဘုရားဖူးလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်တိုက်ခဲ့သည့်အတွက် ယာဥ်ပေါ်ပါ ဘုရားဖူးအချို့သေဆုံးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြည်-ရန်ကုန် လမ်းတွင် မတ် ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ အပါအဝင် လူလေးဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း သေဆုံးသူများနှင့် ဒဏ်ရာရလူနာများအား နယ်မြေခံဆေးရုံနှင့် ပြည်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#PAN