သင်္ကြန်ပိတ်ရက်မတိုင်မီ ဆီစျေးတက်နေ

မတ် ၂၃

သင်္ကြန်ပိတ်ရက်မတိုင်မီ စက်သုံးဆီစျေးနှုန်းမြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

မတ် ၂၂ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၉၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ယခင်ရက်များက ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းသည် ၉၂ တစ်လီတာ ကျပ် ၂၇၃၀၊ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဓာတ်ဆီစျေးနှုန်းများ ယခင်ထက်ပိုမိုမြင့်တက်လာပြီး ၉၂ တစ်လီတာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ၅၅ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

ဒီဇယ်ဆီစျေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်ကို စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

သင်္ကြန်ပိတ်ရက် ဆီစျေးနှုန်းမြင့်တက်မှုမှာ နှစ်စဥ်ဖြစ်ပွားလေ့ရှိသော်လည်း ထိန်းချုပ်မှုကြောင့် ရက်ပိုင်းအတွင်း ပြန်လည်စျေးကျခြင်းများရှိသည့်သာဓကများရှိသော်လည်း အားလပ်ရက် ပြည်တွင်း ခရီးသွားမှုများမှာ များပြားနေသည်။

#PAN