ရွေ့လျားသွားလာနိုင်မှုကို မြန်မာပြောင်းလဲကျင့်သုံးလာသော်လည်း အားသွင်းရုံများ နည်းပါးခြင်းနှင့် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုများက EV အသုံးပြုသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေ

မတ် ၂၃

တစ်နေ့တခြား မြင့်မားလာသည့် လောင်စာဆီစွမ်းအင်အစား လျှပ်စစ်နှင့်ရွေ့လျားနိုင်စွမ်းစနစ်ကို မြန်မာနိုင်ငံတွင်ပြောင်းလဲကျင့်သုံးလာမှုများပြားလာသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် ယဥ်ကျေးမှုထွန်းကားရာ မန္တလေးမြို့ကြီးများ၏ လမ်းမများပေါ်တွင် လျှပ်စစ်စွမ်းအင်နှင့်ရွေ့လျားနေသည့် EV ကားများ အများအပြားမြင်နေရပြီဖြး်သည်။

စက်သုံးဆီဈေးများ မြင့်တက်လာမှု၊ လောင်စာဆီ ရရှိရန် တန်းစီရမှု စသည့် စိတ်အနှောင့်အယှက်ဖြစ်စရာများကြောင့် လျှပ်စစ်မော်တော်ယာဉ် EV ကားများကို ပြည်သူအများ ပိုမိုနှစ်ခြိုက် စိတ်ဝင်စားလာကြကြောင်း သိရသည်။

“EV ဆိုတာနဲ့ Taxi ကိုအရင်ပြေးမြင်တာပဲ EV Taxi တွေက တော်တော်အလုပ်ဖြစ်တယ်။ ဂိတ်မှာအချိန်ကုန်စရာမလိုဘူး တကူးတကစောင့်စရာမလိုဘူး။ သွားချင်ရင် ရှိတဲ့နေရာကိုလာကြိုတယ် ဝန်ဆောင်ခပေးစရာမလိုဘူး၊ သူက ကီလိုမီတာနဲ့ကောက်တာ အနည်းဆုံး ၁ ကီလိုမီတာကို ၇၀၀ အတေယ်အလုပ်ဖြစ်တယ်။ သက်တောင့်သက်သာ သွားရတယ် အဲယားကွန်းက အေးအေးနဲ့ အတော်အဆင်ပြေပါတယ်” ဟု EV Taxi စီးနင်းသူတစ်ဦးမှ

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံထုတ် EV ကားအများဆုံးတွေ့ရပြီး အခြားနိုင်ငံများမှ နာမည်ကြီးကားကုမ္ပဏီများ၏ EV ကားများလည်းအသုံးပြုနေကြသည်။

အိမ်ကနေ ရုံးကို မောင်းတယ်။ တစ်ခါ အားသွင်းထားရုံနဲ့ သုံးလေးရက်လောက် သွားနိုင်တယ်ဆီဆိုင်မသွားရတော့ အလုပ်တစ်ခုလျော့သွားတယ်လောင်စာဆီစရိတ်လည်း သက်သာတယ် ဟု နေပြည်တော် က EV ကားပိုင်ရှင် တစ်ဦးက ပြောသည်။

EV ကများကို နိုင်ငံတော်မှ လမ်းတံတားကြေးများကင်းလွတ်ခွင့်ပြုထားသကဲ့သို့ အခွန်နှုန်းထားများလျော့ပေါ့ထားသည့်အတွက် ကားတင်သွင်းသည့် ကုမ္ပဏီများ များပြားလာသော်လည်း အားသွင်းရုံများ နည်းပါးခြင်းနှင့် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုများက EV အသုံးပြုသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။

#PAN

Telegram link

https://t.me/positiveanglenews