မော်စကိုမှ ဂီတခန်းမကို သေနတ်သမားများက တိုက်ခိုက်ခဲ့သဖြင့် လူ ၆၀ သေဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိဟုဆို

မတ် ၂၃

မကြာသေးခင်ကရုရှားနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲအပြီး မြို့တော် မော်စကိုရှိ ဂီတခန်းမတစ်ခုကို သေနတ်သမားများမှ ဝင်ရောက် ပစ်ခတ်တိုက်ခဲ့သဖြင့် လူ ၆၀ ထက်မနည်းသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတကာသတင်းများအရ သိရသည်။

မော်စကို အနောက်မြောက်ဘက် ကရက်စ်နိုဂေါ့စ် ဆင်ခြေဖုံးတွင် ဖြစ်ပွားသည့် အဆိုပါ တိုက်ခိုက်မှုတွင် သေနတ်သမား လေးဦး ပါဝင်ခဲ့သည်ဟု နိုင်ငံတကာသတင်းများကဖော်ပြသည်။

Crocus City Hall ခန်းမတွင် ရော့ခ်ဂီတ ဖျော်ဖြေပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းပြီး အဆောက်အအုံလည်း မီးလောင်ကျွမ်းခဲ့ကာ ခေါင်မိုးအချို့လည်း ပြိုကျခဲ့သည်။

အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်အချို့ကမူ ထိုတိုက်ခိုက်မှုကို အိုင်အက်စ် (IS) အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖော်ပြနေကြသည်။

#PAN