မတ် ၂၃
တစ်လှမ်းကနေ ဆယ်လှမ်း၊ ဆယ်လှမ်းက တစ်ရာ၊ တစ်ရာကနေ မိုင်ထောင်ချီဝေးတဲ့ အနာဂတ်ခရီးရှည်ကို ဦးတည်ရမှာမို့ တစ်စိတ်တစ်ဝမ်း တစ်လက်တစ်ညီနဲ့ ပြိုင်တူတွန်းကြရဦးမှာ ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်သည်။
မတ်လ ၂၂ နေ့ နံနက်ပိုင်းက ယင်းပါတီကိုဝင်ရောက်လာသည့် ပါတီဝင်သစ်များမှ ပါတီဝင်အဆိုပြုလွှာမျပေးအပ်သည့်အခမ်းအနားတွင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒါဟာ တတိယမြောက်အခမ်းအနားပါ။ ၂၀၂၄ ဇန် ၂၉ ရက်နေ့က ရန်ကုန်တိုင်းမှာ ပါတီဝင်သစ် (၁၄၁၃)ဦးရဲ့ အဆိုပြုလွှာ ပေးအပ်ပွဲနဲ့ မတ် ၁၄ ရက်နေ့က ပြည်ထောင်စုနယ်မြေမှာ ပါတီဝင်သစ် (၂၃၂၉)ဦးရဲ့ ဒုတိယအကြိမ် အဆိုပြုလွှာပေးအပ်ပွဲတွေလည်းကျင်းပခဲ့ပြီးဖြစ်ပါတယ်” ဟု ဦးခင်ရီကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အစိမ်းရောင်စီမံချက်ဖြင့် စုဆောင်းရရှိသည့် ပါတီဝင်သစ်(၁၇၄၁)ဦး၏ အဆိုပြုလွှာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ၂၀၂၄ ခုနှစ်အတွက် ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်ပြီး မန္တလေးတိုင်းကပါတီတာဝန်ရှိသူများအားအသေးစိတ် ရှင်းလင်းခဲ့သကဲ့သို့ အနာဂတ်အစီအမံတွေကိုပါ ရှင်းပြခဲ့ကြောင်း သိရသည်။
#PAN