ပြည်ကြီးတံခွန်မြို့နယ် လမ်းဘေးရေမြောင်းအတွင်းမှ ဗုံးသီးနှင့် ကျည်ခွံများတွေ့ရှိ


မတ် ၂၃
မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ် ကွက်၊၆၅လမ်း၁၃၀၁၃၁လမ်းကြားတွင် ယနေ့နံနက် ၈ နာရီ အချိန်ခန့်က မြို့နယ်စည်ပင် သန့်ရှင်းရေးဌာနမှ ၁၂ဦးလမ်းဘေးရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းအတွင်း သန့်ရှင်းရေးပြုလုပ်စဥ် ဗုံးသီးဟောင်း ၁လုံး၊Drop Boomဟု ယူဆရသော နောက်ဒလက် ပါ ဗုံး ၁လုံးနှင့် ကျည်ခွံ ၅၇ခုတို့တွေ့ရှိရကြောင်း သိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews