တာချီလိတ်တွင် Happy Water နှင့် စိတ်ကြွရူးသွပ်ဆေးကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀ ကျော်ဖိုးဖမ်းဆီးရမိ


မတ် ၂၃

တာချီလိတ်တွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၁ ကီလို နှင့်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ)အာကြီး အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၃၁၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သတင်းကွင်းဆက်ဖော်ထုတ်ချက်အရ ဖြိုးဝေအောင်(ခ)ကိုဖြိုး အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၄ သိန်း)နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ စိုင်းသူရထွန်း(ခ)အာကြီး(၄၁)နှစ် နှင့် ဖြိုးဝေအောင်(ခ)ကိုဖြိုး(၂၃)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားကြောင်း သိရသည်။

#PAN