“ညစာစားတာ နောက်ကျခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ”

မတ်လ ၂၃

    ကျန်းမာရေးကဏ္ဍကနေ ညစာစားတာ နောက်ကျခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
   နောက်ကျမှ ညစာ စားသူတွေက ၂၀% သွေးတွင်း အချိုဓာတ်ပိုများနေပြီး ၁၀% အဆီလောင်ကျွမ်းမှု လျော့နည်းသွားတာ တွေ့ကြရပါတယ်။ အဲ့ဒါကြောင့် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်ဖို့ ပိုများလာပါတယ်။ နောက်တစ်ခုက နောက်ကျမှ စားတဲ့ အတွက် အစာအိမ်က နောက်ကျမှ ပိုလုပ်ရသလို ဖြစ်ပြီး ကောင်းကောင်းလည်း အိပ်မပျော် တော့ပါဘူး။ ကြာလာရင် အိပ်မပျော်တဲ့ ရောဂါတွေပါ ဖြစ်လာကြပါတယ်။
   အိပ်ချိန်နဲ့နီးနီး ညစာစားပါက ကိုယ်အလေးချိန် တက်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ မအိပ်ခင် အနည်းဆုံး ၃ သို့မဟုတ် ၄ နာရီ လောက် ညစာစားတာက သင့်ရဲ့ ဇီဝကမ္မ ဖြစ်စဥ်တွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အစာတွေက ကောင်းကောင်း ချေဖျက်ဖို့ အချိန်ရပြီး ညဖက် အစာအိမ်မှာ အက်ဆစ် ထွက်တာ သက်သာစေပါတယ်။ ညစာ နောက်ကျ မှ စားတဲ့ အခါမှာ သင်စားလိုက်တဲ့ ကယ်လိုရီတွေကို ကောင်းကောင်း မချေဖျက်နိုင်တော့ပဲ ခန္ဓာကိုယ် မှာ အဆီဓါတ်တွေ စု လာကြပါတယ်။ အဲဒီလို နေ့စဥ် ရက်ဆက် ဖြစ်လာတော့ အဆီတွေစုလာပြီး  weight တက်လာမယ် ၊ အစာအိမ် အက်ဆစ် ထွက်တာတွေ များပြီး ရင်ပူမယ် ၊ လေတက်မယ်၊ အစာ မကြေဘူး စတာတွေပါ ဖြစ်လာစေပါတယ်။
   လေ့လာ တွေ့ရှိချက်များအရ ညစာ ကို အနည်းဆုံး ၃ နာရီ လောက် အိပ်ချိန်နဲ့  ခွာစားတဲ့သူတွေမှာ ကင်ဆာရောဂါ ဖြစ်ပွားမှု နည်းတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေမှာ ဆီကျိတ် ကင်ဆာ ၂၆% လျေ့ချပေးပြီး အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ၁၆% လျော့ချပေးပါတယ်။ ဆီးချို အဖွဲ့ကြီးတစ်ခုရဲ့ တွေ့ရှိချက်တွေအရ ညစာ စားတာ နောက်ကျတဲ့ သူတွေက ဝလာကြသလို သွေးထဲ အချိုဓာတ်ပါ များလာကြပါတယ်။ နောက်ကျမှ စားတဲ့ သူတွေက စောစော စားတဲ့ သူတွေထက် သွေးတွင်းအချိုဓာတ်တွေ ပိုများနေပြီး အဆီဓာတ်တွေ လောင်ကျွမ်းတာ ပိုနည်းသွား တာကို တွေ့ကြရပါတယ်။
   စားပြီးပြီးချင်း အိပ်ယာပေါ် ၀င်လှဲနေတာဟာလည်း လုံး၀ကို ရှောင်ကြဥ်ရမယ့် အကျင့်ဆိုးဖြစ်ပါတယ်။ အခုနောက်ပိုင်း လူတွေရဲ့ life style တွေ ပြောင်းလဲ လာကြတာနဲ့ အမျှ လူနေမှု ပုံစံ၊ စားသောက်မှု ပုံစံများ ပြောင်းလဲ သွားပြီး physical inactivity လို့ခေါ်တဲ့ ကိုယ်လက် လှုပ်ရှားမှုများ နည်းလာကြပါတယ်။ အဲ့ဒါကြောင့် အ၀လွန်ရောဂါ ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေ ၀င်လာကြတာတွေက ညစာကို နောက်ကျမှစားခြင်းကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews