၂၃ မတ်
NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများ လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ KNU နှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များမှ တိရိစ္ဆန်အစာအိတ်များတင်ဆောင်လာသော ၁၂ ဘီးကားအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် သထုံဘက်မှ တိရိစ္ဆန်အစာအိတ်များတင်ဆောင်လာသော ၁၂ ဘီးကားအား မော်လမြိုင် – ရန်ကုန် လမ်းမကြီး သထုံမြို့နယ် ကမာစိုင်ကျေးရွာနားအရောက်တွင် KNU /PDF များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
သောင်းကျန်းသူများ အကြမ်းဖက်သမားများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် လူထိခိုက်မှုမရှိသော်လည်း ကား၏ နောက်ပိုင်းအား မိုင်းစထိမှန်ကာ အနည်းငယ်ပျက်စီးသွားကြောင်းသိရသည်။
#PAN