Online Recommendation Letter for Visa Extension Webpage အားနှစ်သစ်ကူး ရုံးပိတ်ရက်အတွင်းအသုံးပြု၍ရမည်မဟုတ်ကြောင်း အသိပေးကြေညာ

မတ် ၂၂

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Myanmar. CompaniesOnline (MyCO) တွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရယူခြင်းမရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ Business Visa အမျိုးအစားအား ဗီဇာသက်တမ်းတိုးနိုင်ရေးအတွက် အသုံးပြုလျက်ရှိသည့် Online Recommendation Letter for Visa Extension Webpage အားနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ၁၃-၄-၂ဝ၂၄ ရက်နေ့မှ ၂၁-၄-၂ဝ၂၄ ရက်နေ့အထိ ၉ ရက် အတွင်း System Maintenance ပြုလုပ်မည်ဖြစ်ပါသဖြင့်အသုံးပြု၍ ရမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အသိပေးကြေညာထားသည်။

ယင်းအပြင် MIC Permitted Companies Online VISA Application System (MOVAS) ကို Web Hosting နေရာပြောင်းရွှေ့ခြင်းအားလည်း အသိပေးကြေညာထားသည်။#PAN

#PAN