အလုပ်သမားများထံမှ ငွေကြေးလိမ်လည်ကောက်ခံတဲ့ အေဂျင်စီများကို အရေးယူမည်


မတ် ၂၂

အလုပ်သမားများထံမှ ငွေကြေးလိမ်လည်ကောက်ခံတဲ့ အေဂျင်စီများကို အရေးယူမည်


မတ် ၂၂

အလုပ်ရှင်က အမှန်တကယ်ခေါ်ယူမှာမဟုတ်တဲ့ အလုပ်ကမ်းလှမ်းစာတွေကိုတင်ပြီး အလုပ်သမားများထံမှ ငွေကြေးလိမ်လည် ကောက်ခံနေတဲ့ အေဂျင်စီတွေကို စိစစ်အရေးယူသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အေဂျင်စီတချို့က အလုပ်ကမ်းလှမ်းစာတွေတင်ပြီး ဦးစီးဌာနက သက်ဆိုင်ရာသံရုံးကိုစိစစ်ဖို့ ပေးပို့ချိန်မှာ စိစစ်ခံမှုမရှိတာ၊ ထောက်ခံချက်သွားမယူတာ၊ သက်ဆိုင်ရာသံရုံးကို အကြောင်းကြားတဲ့စာကို အေဂျင်စီသို့ မိတ္တူပေးပို့တာကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေဆီက ဝန်ဆောင်ခကောက်ခံနေတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ အလုပ်ကမ်းလှမ်းစာတွေအနေနဲ့ အလုပ်သမားတွေက ပြည်ပသို့ အချိန်မီထွက်ခွာရခြင်း မရှိတဲ့အတွက် အေဂျင်စီထံဆက်သွယ်ရာမှာ ဦးစီးဌာနက ခွင့်မပြုသေးလို့ စေလွှတ်နိုင်ခြင်းမရှိတဲ့ပုံစံနဲ့ လွှဲချတာတွေ လုပ်ဆောင်နေတာကို စိစစ်တွေ့ရှိရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံတင်ပြလာတဲ့ အလုပ်ကမ်းလှမ်းစာတွေ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ပြုလုပ်ခွင့်ကိုလည်း အမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးနေတယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။

လက်ရှိမှာတော့ အလုပ်ရှင်က အမှန်တကယ်ခေါ်ယူမှာမဟုတ်တဲ့ အလုပ်ကမ်းလှမ်းစာတွေကို ဦးစီးဌာနကိုတင်ပြပြီး ငွေကြေးလိမ်လည်ကောက်ခံနေတဲ့ အေဂျင်စီတွေကို စိစစ်တွေ့ရှိရင် ထိရောက်စွာအရေးယူခံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အေဂျင်စီလိုင်စင်များ ခွင့်ပြုထုတ်ပေးထားတာဟာ ပြည်ပကိုသွားရောက်မယ့် သူတွေအပေါ် လိမ်လည်လှည့်ဖြားဖို့ မဟုတ်ဘူးလို့လည်း သတိပေးထုတ်ပြန် ထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN