မိုးညှင်းမြို့၊ ဇောတိကုန်း(ဘောဓိ)ကျေးရွာ၌ စစ်မှုထမ်းမည့်လူငယ်များကို တစ်အိမ်တစ်ယောက်နှုန်းနာမည်ပေးကာ မဲနှိုက်ရွေးချယ်ရာ မဲစာရင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆွေမျိုးများမပါ၍ အုပ်ချုပ်ရေးမှူးအား ရွာသားများက ဝိုင်းဝန်းရိုက်နှက်


မတ် ၂၂

မိုးညှင်းမြို့၊ ဇောတိကုန်း(ဘောဓိ)ကျေးရွာ၌ စစ်မှုထမ်းမည့်လူငယ်များကို တစ်အိမ်တစ်ယောက်နှုန်းနာမည်ပေးကာ မဲနှိုက်ရွေးချယ်ရာ မဲစာရင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆွေမျိုးများမပါ၍ အုပ်ချုပ်ရေးမှူးအား ရွာသားများက ဝိုင်းဝန်းရိုက်နှက်


မတ် ၂၂

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဇောတိကုန်း(ဘောဓိ)ကျေးရွာ၌ စစ်မှုထမ်းမည့်လူငယ်များကို တစ်အိမ်တစ်ယောက်နှုန်း နာမည်ပေးကာ မဲနှိုက်ရွေးချယ်သည့်အစည်းအဝေးပြုလုပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး၏ အမျိုးအဆွေများလုံး၀မပါလာသည့်အတွက် အချင်းချင်းငြင်းခုံကြပြီး ဒေသခံရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှုကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဇောတိကုန်း(ဘောဓိ)ကျေးရွာသည် ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၁,၀၀၀ ကျော်ခန့်ထိ နေထိုင်လျက်ရှိသော ကျေးရွာကြီးတစ်ခုဖြစ်ပြီး မိုညှင်းဘူတာအနောက်ဖက် ဟဲလုံကျေးရွာသွားလမ်းပေါ်၌ တည်ရှိသည့်ရွာကြီးဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် အစည်းအဝေးလည်းပျက်သွားခဲ့ရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိုဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်ရခြင်းရှိ/မရှိ မသိရှိရသေးကြောင်း မြေပြင်သတင်းအရ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN