ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းကြိုးဝိုင်းသစ်တော၊ လဝိုင်းကျွန်းတဖက်ကမ်း၊ နှာနှစ်ပေါက်တွင် တောမီးများ စတင်လောင်ကျွမ်းနေကြောင်း သိရ


မတ် ၂၂

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းကြိုးဝိုင်းသစ်တော၊ လဝိုင်းကျွန်းတဖက်ကမ်း၊ နှာနှစ်ပေါက်တွင် တောမီးများ စတင်လောင်ကျွမ်းနေကြောင်း သိရ


မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းကြိုးဝိုင်းသစ်တော၊ လဝိုင်းကျွန်းတဖက်ကမ်း၊ နှာနှစ်ပေါက်တွင် ယနေ့မနက်ပိုင်းတွင် တောမီးများ စတင်လောင်ကျွမ်းနေကြောင်း သိရှိရသည်။

ကျွန်း၏ ဧရိယာ အများစုသည် ပင်လယ် ရေမျက်နှာပြင်နှင့် တပြေးတည်းဖြစ်ပြီး အမြင့်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင်ထက် (၂၅) မီတာ ခန့်သာမြင့်ပြီး၊ ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက် လျက်ရှိပြီး၊ ရှိပြီးသား သစ်တောကို ထိန်းသိမ်းတာ အပြင် ဒီရေတော အပင်များကို စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်း လည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် ဒရယ်၊ ဖျံ၊ လိပ်၊ တောဝက်၊ တောခွေး၊ မိကျောင်းများ အပါအဝင် တိရစ္ဆာန် အမျိုးပေါင်းများစွာ ဘေးမဲ့စောင့်ရှောက်ထားသည်။ ထူးခြားချက်မှာ ရှားပါးသည့် ငှက်မျိုးစိတ်များ အပါအဝင်၊ ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့်ရှိသည့်အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်ပင် စိတ်ဝင်စားသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ ရေဝက်နှင့် ဧရာဝတီ လင်းပိုင်များလည်း တခါတရံမှာ လာရောက် ကျက်စားသည်ကို တွေ့ရှိရကြောင်း၊ မြန်မာ့ ပုလဲနှင့်ငါးလုပ်ငန်းနှင့် သစ်တောရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝ မိကျောင်း မွေးမြူထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်လျက်ရှိသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

၎င်းမီးလောင်မှုဖြစ်စဥ်အား စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ တောမီးလောင်ကျွမ်းမှုရှိနေသေးကြောင်း သိရှိရပါသည်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725