ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မည်ဟု မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ပြော

မတ် ၂၂

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သေသေချာချာ နားမလည်တဲ့သူတွေက ရှောင်တိမ်းရတော့မလိုလို၊ ဟိုလိုလို ဒီလိုလို အမျိုးမျိုးဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း အရပ်သားဘဝတုန်းက တပ်နဲ့ပတ်သက်ရင် ကောင်းတာထက် မကောင်းတာပဲ ကြားရတယ်။ မကောင်းတာ၊ ဆင်းရဲတာ၊ ပင်ပန်းတာ၊ ဒါတွေပဲကြားရပြီး တပ်ထဲဝင်ဖို့ဆိုတာဝေးလို့၊ တပ်နဲ့ပတ်သက်ရမှာ စိုးရိမ်တယ်။ ဒါပေမယ့် တကယ်တပ်ထဲဝင်တော့ ကိုယ်တိုင်တပ်မတော်သားဘဝရောက်မှ စစ်သည်တော်ဟောင်းတစ်ဦးပြောခဲ့သလို “တပ်မတော်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် ယောကျ်ားကောင်း၊ ယောကျ်ားမြတ်တွေအဖြစ် လေ့ကျင့်ပေးတဲ့ကျောင်းကြီးပေါ့” ဆိုတဲ့စကားဟာ စိတ်ကူးယဉ်စကား၊ အကောင်းမြင်စကား သက်သက် မဟုတ်တာ ကိုယ်တွေ့သိရှိရတယ်ဟု ဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) ကပြောသည်။

ဒါအပြင် “တပ်မတော်ဆိုတာ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ အဖိုးတန်အဖွဲ့အစည်းဖြစ်တယ်။ အမှုထမ်းရမယ်ဆိုရင်လည်း ဘာမှစိုးရိမ်စရာ မရှိပါဘူး။ အစပိုင်းတော့ တစ်မျိုးထင်နိုင်ပါတယ်။ သို့သော်လည်းလုပ်ကြည့်ပါ။ ဝင်ကြည့်ပါ။ ဒီလိုပဲ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မယ့်အပြင် အချို့ဆိုရင် ကျွန်တော့်လို တစ်ဘဝစာအလုပ်အကိုင်အဖြစ် ရွေးချယ်မယ့်သူတွေလည်း ပေါ်ပေါက် လာမယ်လို့ ယုံကြည်ပါတယ်” ဟုလည်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) ကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မှာ ဖြစ်ပါတယ်ဟု မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာတစ်ခုနှင့်အင်တာဗျူးတွင် ပြောဆိုလိုက်ကြောင်း သိရသည်။

#PAN