ပြည်တွင်းခရီးသွားလာရာတွင် မှတ်ပုံတင်နဲ့ထောက်ခံစာတွေပါရမယ်လို့ ညွှန်ကြားထားကြောင်း သိရ


မတ် ၂၂

ပြည်တွင်းခရီးသွားလာရာတွင် မှတ်ပုံတင်နဲ့ထောက်ခံစာတွေပါရမယ်လို့ ညွှန်ကြားထားကြောင်း သိရ


မတ် ၂၂

ပြည်တွင်းခရီးသွားလာရာမှာ မှတ်ပုံတင်မူရင်းနဲ့ ရပ်ကွက်(သိုမဟုတ်)ရဲစခန်းထောက်ခံစာတွေပါရမယ်လို ညွှန်ကြား ထားကြောင်း ခရီးသွားလုပ်ငန်းများထံကနေ သိရပါတယ်။

ယခုကဲ့သို ခရီးသွားလာရာမှာ လိုအပ်ချက်များနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ကားဂိတ်များကို ညွှန်ကြားထားတဲ့ အပေါ် ခရီးသွားလုပ်ငန်းများက အသိပေးပြောဆိုထားတာဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားလာရာမှာ အထက်ပါ အချက်အလက်တွေအပြင် ခရီးသွားနေထိုင်မယ့် ထောက်ခံချက်တွေကိုပါ ယူဆောင်လာရမှာ ဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် ခရီးသွားများအား လက်မှတ်ရောင်းချရာမှာလဲ မှတ်ပုံတင်မူရင်းပါမှသာ စီးနင်းခွင့်ပြုမှာဖြစ်ပြီး ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများ လုံးဝ ခရီးသွားခွင့်မပြုတော့ဘူးလို ပြောဆိုနေကြပါတယ်။

ယခုလို ခရီးသွားလာခွင့်အပေါ် ကန့်သတ်ချက်များ ရှိလာတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများဘက်ကတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေး တာလည်း ဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် –
https://positiveanglenews.com/2024/03/22/သုခဒဂုံ-ပြည်သူ့အိမ်ရာတွ/

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725