ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ တိုးချဲ့ပြဌာန်း


မတ် ၂၂

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ တိုးချဲ့ပြဌာန်း


မတ် ၂၂

မြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ဘွဲ့တံဆိပ်များ တိုးချဲ့ပြဌာန်းလိုက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၂၄ ဖြင့် မတ်လ ၂၀ ရက်ရက်စွဲဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်ကိုဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၅ (က) တွင် “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်” ဟု ပြဋ္ဌာန်းထားသဖြင့် ၂၀၀၉ ခုနှစ်၊ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ဖြည့်စွက်ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း အဆိုပါအမိန့်တွင် ပါရှိသည်။

တိုးချဲ့ပြဌာန်လိုက်သည့် ဘွဲ့တံဆိပ် ၂ ခုမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ်နှင့် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်တို့ဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ်တွင် သီရိဇေယျကျော်တံဆိပ်နှင့် သီရိသိင်္ခကျော်တံဆိပ်တို့ဖြစ်ပြီး နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်တွင် သီရိသီဟကျော်တံဆိပ် သီရိသူရကျော်တံဆိပ် တို့ဖြစ်ကြောင်း သိရသည်။

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ချီးမြှင့်ခံထိုက်သည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းသတ်မှတ်ချက်၊ သက်ဆိုင်ရာတံဆိပ်အသီးသီး၏ပုံသဏ္ဌာန်၊အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေး၊ တံဆိပ်ပါအမှတ်အသားများ၏အဓိပ္ပါယ်ဖော်ဆောင်ချက်၊ အဆင့်ဆင့်ထောက်ခံတင်ပြရန် နည်းလမ်း၊ ဂုဏ်ပြုစာလွှာစသည်တို့နှင့်စပ်လျဉ်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉နှင့်အညီ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN