မတ် ၂၂
ကျိုက်ထိုမြို့၊ ကောင်း ကွတ်တီယိုဆိုင်ပိုင်ရှင် ၂၀၂၀ ခုနှစ် ကိုယ်စားလှယ်လောင်း(ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ)၊ ဦးနေမင်းကြည် နှင့် ဆိုင်အကူအမျိုးသမီးအား ကြမ်းဖက်သမားများမှ သတ်ဖြတ်
မတ် ၂၂
ယနေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘူတာလမ်းနေ ကောင်း ကွတ်တီယိုဆိုင်ပိုင်ရှင် ဦးနေမင်းကြည်နှင့် ၎င်း၏ ဆိုင်အကူ အမျိုးသမီးတစ်ဦးဖြစ်သူ(ကိုယ်ရေးစိစစ်ဆဲ)တို့ကို အကြမ်းဖက်သမား(စိစစ်ဆဲ)၂ ဦးမှ ဆိုင်ကယ် (အမျိုးအစား/အရောင်)စိစစ်ဆဲ ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
၎င်းဆိုင်အတွင်းသို့ ကြမ်းဖက်သမားများက အပေါ့သွားမည်ဟုပြောဆိုကာဝင်ရောက်လာပြီး ဆိုင်အတွင်းရှိနေသူ ပိုင်ရှင် ဦးနေမင်းကြည်၊ ၅၂ နှစ်၊(ဘ) ဦးမောင်ကြည်၊ ၂၀၂၀ ခုနှစ် ကိုယ်စားလှယ်လောင်း(ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ)၊ တောင်သူစုရပ်ကွက်နေသူ နှင့် ဆိုင်အကူအလုပ်သမား မဥမ္မာထွေး၊ ၅၁ နှစ်၊ (ဘ)ဦးအုန်းကြိုင်၊ တို့ ၂ ဦးကို သေနတ်အတိုဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပတ်ခတ်မှုကြောင့် ဦးနေမင်းကြည်တွင် ရင်ဘတ်တည့်တည့်တွင် ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံဖေါက်ဝင် ဒဏ်ရာ ၁ ချက်၊ မေးစေ့ ယာဘက်တွင် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက် ဖေါက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မဥမ္မာထွေးတွင် ဝဲလက်မောင်း ဖေါက်ဝင်/ထွက်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ကျိုက်ထိုလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ PDF တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ – ၄၊ UG အဖွဲ့က ဒီနေ့မနက် ၁၀ နာရီ ၁၈ မိနစ်အချိန်က ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ပြန်ထား ပြီး၊တပ်မတော်ခရိုင်ထောက် လှမ်းရေးအဖွဲ့၀င်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို အသွင်ယူထောက်လှမ်းနေလို့ သတ်လိုက်တာဆိုပြီး PDF တွေက အကြောင်းပြချက်ပေး ထားပါတယ်။
အဆိုပါအကြမ်းဖက်သမား ၂ ဦးမှာ ကျိုက်ထိုမြို့၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ငယ်ဒိုးကျေးရွာဘက်သို့မောင်းနှင် ထွက်ပြေးသွားကြောင်းသိရပြီး လုံခြုံးရေးပူးပေါင်းအဖွဲ့မှ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်စဥ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် –
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725