ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့်ဆီးရီးယားအသင်းတို့ သရေရလဒ်ထွက်ပေါ်

မတ် ၂၂

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် ဆီးရီးယားအသင်းတို့ မတ်လ ၂၁ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆီးရီးယားအသင်း၏ ချေပဂိုးကို ပွဲချိန်၇၁မိနစ်မှာ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

ယင်းပွဲစဉ်တွင် အကောင်းဆုံးကစားသမားဆုကို မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည့် မြန်မာအသင်းနောက်ခံကစားသမား စိုးမိုးကျော်က ရရှိခဲ့ကြောင်း သိရပါတယ်။

ဒုတိယအကျော့ကို ဆီးရီးယားလက်ရွေးစင်အသင်း၏ အိမ်ကွင်းပွဲအဖြစ် မတ် ၂၇ ရက်တွင် ကြားကွင်းဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။