အာဆင်နယ်အသင်းက စီဒရစ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန်ဆုံးဖြတ်”


မတ် ၂၁

အာဆင်နယ်အသင်းက စီဒရစ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန်ဆုံးဖြတ်”


မတ် ၂၁

အာဆင်နယ်အသင်းက တောင်ပံခံစစ်ကစားသမား စီဒရစ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုမှာမဟုတ်ဘဲ ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် စီဒရစ် ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်အသင်းမှ တစ်ရာသီအငှားဖြင့် ရောက်ရှိခဲ့ပြီး ရာသီကုန်တွင် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

အစောပိုင်းနှစ်တွေမှာ စီဒရစ် အနေနဲ့ အသင်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သော်လည်း နောက်ပိုင်း တွင် ပွဲစဉ်အနည်းငယ်သာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ ဖူလ်ဟမ် အသင်းသို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းမှာလည်း ခြေစွမ်းပြသနိုင်ခြင်း မရှိဘဲ ရှစ်ပွဲသာကစားခဲ့ရပြီး စာချုပ်ပြည့်ချိန်မှာ အာဆင်နယ်အသင်းသို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

နည်းပြ အာတီတာ ရဲ့လက်အောက်မှာ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ငါးပွဲသာပါဝင်ခွင့်ရရှိခဲ့တာကြောင့် အာဆင်နယ် အသင်းက အသင်းခံစစ်ပိုင်းအတွက် စီဒရစ် ကို သက်တမ်းတိုးခြင်းမရှိဘဲ ရာသီကုန်ချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို ဆုံးဖြတ်ခဲ့ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN