သာမာန်အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF များမှပဲနွယ်ကုန်းမြို့တွင် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့


မတ် ၂၁

အကြမ်းဖက် NUG အဖွဲ့၏ လမ်းညွန်ချက်အရ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သား ပြည်သူများအားသတ်ဖြတ်လျှက်ရှိရာ ယနေ့ မွန်းလွဲပိုင်းကလဲ ပဲနွယ်ကုန်းမြို့တွင် သာမာန်အပြစ်မဲ့အရပ်သား တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းအနီးရှိ သတိပဌာန် ရပ်ကွက်တွင် နေထိုင်သော သာမာန်အရပ်သားပြည်သူ ဦးစန်းအောင်ညွန့်(ခ)လူမုန်း၊ ၄၀ နှစ်၊ ကျောင်းပတ်လမ်း၊ သတိပဌာန်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့နေသူတွင် ယာဘက်နားထင်မှ ဝဲဘက်ပါးသို့ ကျည်ဆန်ဖောက်ထွက်ဒဏ်ရာရရှိ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

သေဆုံးသူ ဦးစန်းအောင်ညွန့်(ခ)လူမုန်းသည် ဒေါ်နွယ်နွယ်ဝင်း(ခ)ဒေါ်ချို၊ ၄၄ နှစ်၊ သတိပဌာန်ရပ်ကွက်(၅)လမ်းနေသူ၏ ခြံဝန်းအတွင်းရှိ သစ်ပင်အောက်တွင် ဒေါ်အိမွန်၊ ၃၇ နှစ်၊ ဦးအောင်ကိုဦး(ခ)ကျောက်ကြီး၊ ၃၉ နှစ်၊ တို့နှင့်အတူ စုစုပေါင်း ၄ ဦး ဝိုင်းဖွဲ့စကားပြောနေစဉ် အမည်မသိအမျိုးသား ၁ ဦးသည် (မတ်စ် အဖြူရောင်)တပ်ဆင်ပြီး နေကာမျက်မှန် အနက်ရောင်တပ်၍၊ နှီးဦးထုပ်ဆောင်းကာ ဆိုင်ကယ်(အမျိုးအစားစိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ဒေါ်နွယ်နွယ်ဝင်း(ခ)ဒေါ်ချို၏ နေအိမ်ရှေ့တွင် ဆိုင်ကယ်အားရပ်တန့်ပြီး ခြံဝန်းအတွင်းသို့ ဝင်ရောက်လာကာ သေဆုံးသူအား နောက်မှသေနတ်(စိစစ်ဆဲ)ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ ယာဘက်နားထင်မှ ဝဲဘက်ပါးသို့ ဖောက်ထွက်ဒဏ်ရာရရှိပြီး ဆေးရုံသို့အရောက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ အခင်းဖြစ်နေရာ အနီးမှ(၉)မမ ကျည်ခွံ(၁)ခုအား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN