သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု ၊ကွန်ပျူတာတက္ကသိုလ်သို့ သွားသည့်လမ်းမပေါ်၌ အမျိုးသား ၁ ဦး ပစ်သတ်ခံရ


မတ်လ ၂၁
မတ်လ (၂၁)ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု ၊ကွန်ပျူတာတက္ကသိုလ်သို့ သွားသည့်လမ်းမပေါ်တွင် အမျိုးသား တစ်ဦး ပစ်သတ်ခံရကြောင်းသိရသည်။

အဆိုပါပစ်သတ်ခံရသူမှာ ပြည့်ဖြိုးဝေမုန့်ဆိုင်အနီးတွင် ဆိုင်ကယ်စီးနင်းလာသူ ကိုဝင်းထွန်း(၂၇ )နှစ်ခန့်ကို သောင်းကြမ်းသူKNU/PDFအဖွဲ့ (စိစစ်ဆဲ) ၂ ဦး မှ ဆိုင်ကယ်ဖြင့် အနီးကပ်ပစ်ခတ်သွားသဖြင့် သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါအခင်ဖြစ်ရပ်နေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့များရောက်ရှိလာပြီး အကြမ်းသမားများကို ရှာဖွေဖော်ထုတ်ရှင်းလင်းနိုင်‌ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews