ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင် အကျိုးဆက်ကို ခံစားစေရမည်ဟု ရုရှားက ဂျပန်ကို သတိပေး


မတ် ၂၁

ယူကရိန်းသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်လျှင် အကျိုးဆက်ကို ခံစားစေရမည်ဟု ရုရှားက ဂျပန်ကို သတိပေး


မတ် ၂၁

ယူကရိန်းနိုင်ငံသို့ ပတ်ထရီးယော့ ဒုံးကျည်များရောက်ရှိသွားပါက အကျိုးဆက်ကို ခံစားစေရမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဂျပန်အစိုးရကို သံတမန်လမ်းကြောင်းများမှတစ်ဆင့် သတိပေးလိုက်သည်။

အမေရိကန် နိုင်ငံသို့ ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ပေးပိုမှုသည့်ဒုံးကျည်များ ယူကရိန်းသို့ ရောက်ရှိ သွားနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဆာဂျီဇက်စကီး က ပြောသည်။

ပတ်ထရီးယော့ဒုံးကျည်များ အမေရိကန်နိုင်ငံသို့ ပေးပို့မည့်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သည် ဂျပန်နိုင်ငံ၏လုံခြုံရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးတို့ကို ပိုမိုတိုးတက်စေမည်ဟု အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြောကြားထားသည်။

ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်သော ပတ်ထရီးယော့ဒုံးကျည်များကို ယူကရိန်း အရေးတွင် အသုံးပြုမည်မဟုတ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောသည်။

ယူကရိန်းစစ်ဘက်ကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် ထိခိုက်ဒဏ်ရာရ သေဆုံးသူများကိုသာ ပိုမိုတိုးမြင့်လာစေမည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူက ပြောကြားခဲ့ ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် Link

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN