မြစ်ကြီးနားလေယာဥ်စျေးနှုန်း ၁ သိန်းကျော် မြင့်တက်နေ

မတ် ၂၁

(၂၀၂၄)ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ ပြေးဆွဲ့လျက်ရှိသည့် KBZ air လိုင်းမှာ ယနေ့ မတ်လ ၂၀ ရက်နေ့မှ စတင်ကာ လေယာဥ်လက်မှတ်ခ နှုန်းထားများ ၁ သိန်းကျော် မြင့်တက်လာသည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေကြောင်း သိရသည်။

လေယာဥ်လက်မှတ်ခနှုန်းထားများ မြင့်တက်လာသည့်အတွက် လေကြောင်းလိုင်းများကို အဓိက အားထားကာ သွားလာနေရသည့် ခရီးသည်များ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

နိုင်ငံရေးအခြေအနေကြောင့် မြေပြင်ကားလမ်းခရီးတွေ သွားလာရန် ခက်ခဲနေသည့်အတွက် ဒေသခံအများစုမှာ လေကြောင်းလိုင်းများအား အဓိကထားသုံးစွဲနေရပြီး ယခုကဲ့သို့ လက်မှတ်စျေးနှုန်း တိုးမြှင့်ကောက်ခံ အဆင်မပြေမှုများ အခက်အခဲများ များစွာကြုံတွေ့နေရကြောင်းလည်း သိရသည်။

မြစ်ကြီးနား – မန္တလေး လေကြောင်းလိုင်း လေယာဥ်စျေးနှုန်းနှင့် မြစ်ကြီးနား – ရန်ကုန် စျေးနှုန်းမှာ ငွေကျပ် ၁ သိန်း ကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခင်က မြစ်ကြီးနား – မန္တလေး လေကြောင်းလိုင်း စျေးနှုန်းမှာ ၂သိန်း၅သောင်းဝန်းကျင်သာ ရှိခဲ့ပြီး၊ လက်ရှိတွင် ၄သိန်း၅ထောင်အထိ မြင့်တက်လာကာ မြစ်ကြီးနား – ရန်ကုန် လေကြောင်းလိုင်း စျေးနှုန်းမှာလည်း ၃သိန်း၉သောင်းဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၅ သိန်း၅ထောင်းအထိ မြင့်တက်သွားကြောင်း သိရသည်။

မြစ်ကြီးနားလေဆိပ်မှ မြန်မာ့လေကြောင်း၊ မန်းရတနာပုံ၊ KBZ လေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းစသည့် လေကြောင်းလိုင်း (၄)လိုင်းပြေးဆွဲလျက်ရှိကြောင်း သိရပြီး KBZ Air လိုင်းက လေယာဥ်လက်မှတ်ခများ ၁သိန်းကျော်အထိ စျေးမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews