ဒဏ်ရာကြောင့် ပြင်သစ်အသင်းအတွက်ပွဲဆက်အများဆုံးစံချိန် ရပ်တန့်ခဲ့ရတဲ့ ဂရီးဇ်မန်း

မတ် ၂၁

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်ထရွန် ဂရီးဇ်မန်းသည် အက်သလက်တီကိုအတွက် ကစားပေးရင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုမတ်လနိုင်ငံတကာရက်သတ္တပတ်တွင် ကစားမည့် ပြင်သစ်အသင်း၏ ခြေစမ်းပွဲများကို လွဲချော်တော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းအနေဖြင့် ၂၀၁၇ သြဂုတ်လမှ စတင်၍ ပြင်သစ်အသင်း၏ပွဲစဉ်များတွင် တောက်လျှောက်မပျက်မကွက်ဆက်တိုက် ကစားခဲ့သော သူ၏စံချိန်မှာ (၈၄)ပွဲတွင် ရပ်တန့်ရတော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းသည် ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲ(၁၂၇)ပွဲကစားထားရာ နောက်ဆုံး(၈၄)ပွဲကို ဆက်တိုက်ကစားခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းသည် ယခုမတ်(၂၃)ရက်နေ့တွင် ဂျာမနီ၊ (၂၆)ရက်နေ့တွင် ချီလီအသင်းတို့နှင့် အိမ်ကွင်း၌ခြေစမ်းပွဲများ ကစားမည်ဖြစ်ပါတယ်။