ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာ နှစ်ရွာအား အကြမ်းဖက်သောင်းကျန်းသူများမှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်


မတ် ၂၁

ယနေ့ညနေ ၄ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နှင့် အနောက်တောင်ဘက် ၂.၃ မိုင်ခန့် ရွာကြီးအင်းရွာ နှင့် မြို့ အနောက်ဘက် ၁ မိုင်ခန့် ကပ်ကျေးဆိပ်ရွာ ၂ ရွာအား အကြမ်းဖက်သောင်းကျန်းသူ တို့မှ Drone အသုံးပြု Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူ အင်အား(စီစစ်ဆဲ)တို့မှ Drone အသုံးပြု Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone သည် ကပ်ကျေးဆိပ်ကျေးရွာ ရွာလယ်တံတား အနီးတွင် ပျက်ကျသွားကြောင်းသိရှိရပြီး၊ သတင်းရရှိချက်အရ နယ်မြေခံတပ်မှ သွားရောက်ရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN