သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ ငှားရမ်းခွင့်အတွက် မကြာမီစာချုပ်ချုပ်ဆိုမည်


မတ် ၂၀

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ ငှားရမ်းခွင့်အတွက် မကြာမီစာချုပ်ချုပ်ဆိုမည်


မတ် ၂၀

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများကို ငှားရမ်းနေထိုင်ခွင့်အတွက် မကြာမီကာလ အတွင်း စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန် ထားပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး မီတာများတပ်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများပေးသွင်းနိုင်‌ရေး ဆက်လက်အသိပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိတဲ့ ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်း များနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီး ဖြစ်ပါတယ်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့် ရရှိသူများအတွက် အိမ်လခ စပေါ်ငွေလက်ခံခြင်းနဲ့ စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ကနေ ၃၀ ရက်အထိ လက်ခံ ဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အိမ်ခန်းပေါင်း ၄၅၀ ကို သော့များထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါ တယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများရဲ့ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကြေညာထားချက်များအရ သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN