သထုံမြို့ ၊ သထုံ-ရန်ကုန်အထွက် မောင်နှင်နေသော ရှေ့ကားတစီးမှ ကားအမိုးလွင့်စင်ပြုတ်ကျသဖြင့် နောက်ပါကားတစီးမှ ရှောင်တိမ်းရာ အရှိန်ဖြင့်တိမ်းမှောက်မှုဖြစ်ပွား


မတ် ၂၀

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့ ၊ သထုံ-ရန်ကုန်အထွက် မြေနီးကုန်းကျေးရွာ မိုးမခ ဆိုင်အနီးတွင် ရှေ့ကားမှ ကားအမိုးပြုတ်ကျသဖြင့် ရှောင်လိုက်ရာမှ နောက်မှ လိုက်ပါလာသော ဆရာတော်များတင်ဆောင်လာသော ကားမှာအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မူဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ဦးဇင်း ၂ ပါး၊ ကိုရင် ၃ ပါး၊ အမျိုးသား ၁ ဦး၊ အမျီုးသမီးနှင့်ကလေး ၂ ဦး၊ စုစုပေါင်း ၈ ဦးထိခိုက်ဒဏ်များရရှိခဲ့ကြသောကြောင့် အကြင်နာတွဲလက်အသင်းမှ ကား ၂ စီးဖြင့် သထုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ရကြောင်းသိရ ဒေသခံများ၏ သတင်းပေးပို့မှုအရ သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN