ဝမ်းတွင်းမြို့နယ်တွင် အမျိုးသား ၁ ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခက်သတ်ဖြတ်


မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာနှင့် သီးကုန်းကျေးရွာကြားရှိ ဇရပ်အနီး၌ ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသား ၁ ဦး၊ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ်၊နေပူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမောင်ပု၊၆၀နှစ်၊(ဘ)ဦးရွှင်၊သီးကုန်းကျေးရွာ၊ဝမ်းတွင်းမြို့နယ်နေသူဖြစ်ကြောင်း ၊ ဦးမောင်ပုတွင် ဝဲ-လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်နားရှေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူသည် ဝမ်းတွင်းမြို့မှသီးကုန်းကျေးရွာသို့ ပြန်လာစဥ် ဘုရားစုကျေးရွာနှင့် သီးကုန်းကျေးရွာကြားရှိ ဇရပ်အနီး ရေနှုတ်မြောင်း၏ ဝဲဘက်ဘေးတွင် အကြမ်းဖက်သမား(အင်အားစီစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး ဦးမောင်ပုကိုင်ဆောင်သော ၀၉-၄၀၅၂၅၀၉၅၀ ဆင်းကဒ်ပါ VIVO အမျိုးအစား ဖုန်း ၁လုံးအား အကြမ်းဖက်သမားများက ယူဆောင်သွားကြောင်း သိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN