မြန်မာ နှင့် ဘရာဇီးနှစ်နိုင်ငံအကြား အာဆီယံမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး


မတ် ၂၀

မြန်မာ နှင့် ဘရာဇီးနှစ်နိုင်ငံအကြား အာဆီယံမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး


မတ် ၂၀

အာဆီယံရဲ့ Sectoral Dialogue Partner နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံနှင့် အာဆီယံမူဘောင်အတွင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်‌ရေးအတွက် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနှင့် ဘရာဇီးသံအမတ်ကြီးတို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော်နှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး အသစ်ဖြစ်သူ H.E. Mr. Gilberto Fonseca-Guimaraes De Moura တို့ မတ်လ ၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲ အချိန်က မြန်မာသံရုံး၊ ဧည့်ခန်းမ၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အာဆီယံ၏ Sectoral Dialogue Partner နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံနှင့် အာဆီယံမူဘောင် အတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘရာဇီးနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုအတွေ့အကြုံများ မျှဝေခြင်းစတဲ့ ကိစ္စရပ်များအပေါ်လည်း ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN