မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန်ရောက်ရှိလာတဲ့ ဆီးရီးယား

မတ် ၂၀

မြန်မာ့လက်ရွေးဝင်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ဆီးရီးယားလက်ရွေးစင်အသင်းကစားသမား ၂၄ ဦးအထိ လိုက်ပါလာကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲများအဖြစ် မနက်ဖြန် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ပထမအကျော့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

ဒုတိယအကျော့ကို ဆီးရီးယားလက်ရွေးစင်အသင်း၏ အိမ်ကွင်းပွဲအဖြစ် မတ် ၂၇ ရက်တွင် ကြားကွင်းဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။