နေပြည်တော်သင်္ကြန် K-pop အဖွဲဖျော်ဖြေမည်


မတ် ၂၀

နေပြည်တော်သင်္ကြန် K-pop အဖွဲဖျော်ဖြေမည်


မတ် ၂၀

ယခုနှစ် နေပြည်တော်သင်္ကြန်ပွဲတော်မှာ အရင်နှစ်ကလို လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး အထူးအစီအစဉ်အနေနဲ့ လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်မှာ ကိုရီးယားနိုင်ငံက K-pop အနုပညာရှင်တွေ လာရောက်ဖျော်ဖြေ သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ နေပြည်တော်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိင်းအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။

ကိုရီးယားနိုင်ငံက K-pop အနုပညာရှင်တွေအပြင် မြန်မာနိုင်ငံမှ နာမည်ကြီး အနုပညာ ရှင်တွေကိုလည်း ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

နေပြည်တော်သင်္ကြန်ပွဲတော်မှာ တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နဲ့ လူငယ်သင်္ကြန် စတဲ့ ဇုန်လေးခုကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN