တောင်ကိုရီးယားသို ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များအား စမ်းသပ် ပစ်ခတ်


မတ် ၂၀

တောင်ကိုရီးယားသို ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များအား စမ်းသပ် ပစ်ခတ်


မတ် ၂၀

တောင်ကိုရီးယားနိုင်ငံသို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန် လာရောက်လည်ပတ်စဉ် အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ် ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန် သည်။

မြောက်ကိုရီးယား၏ ယခုလုပ်ဆောင်သည့်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် နှစ်လအတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်သည့် စမ်းသပ်ပစ်ခတ်မှုဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်များကို ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်နှင့် ၈ နာရီ ၂၂ မိနစ်ကြားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ၃၀၀ ကီလိုမီတာခန့် ပျံသန်းသွားပြီး ဂျပန် ပင်လယ် အတွင်းသို ကျရောက်သွားကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံသည် KN-24 အမျိုးအစားဒုံးကျည်နှင့် ဆင်တူသည့် ဒုံးကျည်အနည်းဆုံးသုံးစင်းကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို လုပ်ဆောင် ခြင်းသည် ကိုရီးယားကျွန်းဆွယ်ပေါ် တည်ငြိမ်အေးချမ်းမှုအပေါ် ခြိမ်းခြောက်သည့်ရန်စမှုဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ဆက်လက်ထုတ်ပြန်သည်။

ဘလင်ကန်သည် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲသို တက်ရောက်ရန်အတွက် ယင်းနိုင်ငံသို မတ်လ ၁၇ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲအား မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ST သတင်းဌာနတွင် ဖော်ပြ ထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN