ဘဏ္ဍာရေးအသုံးစရိတ်စည်းမျဉ်းချိုးဖောက်မှုကြောင့် နော်တင်ဟမ် (၄)မှတ်လျှော့ခံရ

မတ် ၁၉

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဘဏ္ဍာရေးအသုံးစရိတ်စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက် (၄)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အဆိုပါပြစ်ဒဏ်ကြောင့် နော်တင်ဟမ်အသင်းဟာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၈ နေရာရောက်သွားပြီး ၂၂ မှတ်ရရှိထားတဲ့ လူတန်တောင်းအသင်းက အဆင့် ၁၇ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ရဲ့ အပေါ်မှာ ပြန်လည် ရပ်တည်နေပါတယ်။

ကလပ်အသင်းအားလုံးရဲ့စိုးရိမ်ပူပန်မှု ပြဿနာတွေကို မြှင့်တင်ပေးတဲ့ ဒီဆုံးချက်ကို အလွန်ပဲစိတ်ပျက်မိတယ်လို့ နော်တင်ဟမ်အသင်းက ထုတ်ပြန်သွားပါတယ်။ နော်တင်ဟမ်အသင်းအနေနဲ့ ဒီပြစ်ဒဏ်ကို အယူခံဝင်သွားဖွယ်ရှိပါတယ်။