နေတိုးတပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် ဖြန့်ကြက်ထားခြင်းက တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးပြော


မတ် ၁၉

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းနိုင်ငံအတွင်းသို့ ဖြန့်ကြက်ထားခြင်းသည် တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ က ပြောသည်။

နေတိုးတပ်ဖွဲဝင်များကို ယူကရိန်းရှိ စစ်မြေပြင်များ၌ ဖြန့်ကြက်ခြင်းသည် နိုင်ငံများကြား ရေကုန်ရေခန်း တိုက်ခိုက်မည့် တစ်ကမ္ဘာလုံးဆိုင်ရာပဋိပက္ခ သို့မဟုတ် တတိယကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်စေနိုင်ကြောင်း အန်တိုနီယို တာဂျာနီ က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းအား ၎င်းတို့ဘာသာ ခုခံကာကွယ်နိုင်ရန် အကူအညီ ပေးရမည်သာဖြစ်ပြီး ယူကရိန်းနိုင်ငံအတွင်းသို့ မဝင်ရောက်သင့်ကြောင်း၊ ယင်းနိုင်ငံသို့ဝင်ရောက်ခြင်းသည် မှားယွင်းမှုသာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နေတိုးတပ်ဖွဲဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းသိုစေလွှတ်မည့်စိတ်ကူးကို ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် က ယခုနှစ်ဖေဖော်ဝါရီလအတွင်း၌ စတင်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံအား ပြင်သစ်၏ ပြိုင်ဘက်နိုင်ငံအဖြစ် မက်ခရွန် က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

ပြင်သစ်အစိုးရ၏ အဆိုပါစိတ်ကူးကို နေတိုးတပ်ဖွဲဝင် အနောက်နိုင်ငံအချိုက လက်မခံဘဲ ငြင်းဆို ထားသော်လည်း ဖင်လန်နိုင်ငံအပါအဝင် နေတိုးတပ်ဖွဲဝင် နိုင်ငံသစ်များက ထောက်ခံထားကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN