စလင်းမြို့နယ်၊ ပုခက်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်အုပ်စု PDF အဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်


မတ် ၁၉

စလင်းမြို့နယ်၊ ပုခက်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်အုပ်စု PDF အဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်


မတ် ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပုခက်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး၊ ၄၉ နှစ်၊ (ဘ)ဦးမြင့်သန်း၊ ပုခက်တိုင်ကျေးရွာနေသူသည် ယမန်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ၄င်း၏ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲ့ မှ ကျေးရွာ၏အရှေ့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ခြင်းခံရသူ ဦးမြင့်ထူးကို ပုခတ်တိုင်ကျေးရွာအရှေ့ဘက် (၂)ဖာလုံခန့်အကွာရှိ စလင်းချောင်းဘေး ကိုင်းတောအစပ်၌ ဝမ်းဗိုက်တွင် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ ဦးမြင့်ထူး၏ ရုပ်အလောင်းအား စလင်းမြို့ပြည်သူ့ဆေးရုံသို့ သယ်ယူပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN