မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊ မင်းကြီးကြပ်(တောင်ရွာ)နေ ကိုဝင်းဇော်ဦး၊ ၄၅ နှစ်၊ (ဘ)ဦးကျော်ညွန့်သည် ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က နေအိမ်၌ရှိနေစဥ် အကြမ်းဖက် သမား ၄ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကိုဝင်းဇော်ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူ ကိုဝင်းဇော်ဦးမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးဖြစ်ပြီး ကျေးရွာမီးလင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ သာရေးနာရေး ကိစ္စများတွင် ဦးစီးဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725