“အမေရိကန်နှင့် အီရန်တို့က ဆွေနွေးပွဲများကို လျှို့ဝှက်ကျင်းပခဲ့ဟုဆို”

မတ်လ ၁၈

ပင်လယ်နီအတွင်းရှိ ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းတွင် သွားလာနေသည့် ကုန်တင်သင်္ဘောများ အား ဟူသီသူပုန်များက တိုက်ခိုက်နေခြင်း၊ အီရတ်နိုင်ငံရှိ အီရန်ထောက်ခံသည့် ပြည်သူစစ်များက အမေရိကန် အခြေစိုက်စခန်းများအပေါ် တိုက်ခိုက်ခြင်း စသည့်ခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်နှင့် အီရန် တို့သည် ၎င်းတို့ကြား ဆွေးနွေးပွဲများကို လျှို့ဝှက်ကျင်းပခဲ့ကြောင်း ဗြိတိန်သတင်းစာကြီးတစ်စောင်က ဖော်ပြသည်။
အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့ကြား လျှို့ဝှက်ဆွေးနွေးမှုများကို အိုမန်နိုင်ငံ မက်စကက်မြို့တွင် ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့်အီရန် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မျက်နှာချင်းဆိုင် ထိုင်၍ တစ်ဆင့်ခံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ စေ့စပ်ညှိနှိုူင်းရေးမှူး ဘားရက်မက်ဂါ့ နှင့် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် နျူကလီးယားရေးရာစေ့စပ် ညှိနှိုင်းရေးမှူး အလီဘာဂါရီ တို့ တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲကျင်းပရန် အီရန် က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းတောင်းဆိုချက်အား လက်ခံရန် အိုမန် အစိုးရက အမေရိကန်အား တိုက်တွန်းခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့်အီရန် တို့ကြားကျင်းပသည့် တစ်ဆင့်ခံ ဆွေးနွေးပွဲသည် ၎င်းနှစ်နိုင်ငံကြား ရှစ်လအတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပြီး အမေရိကန် အနေဖြင့် ဟူသီသူပုန်များက ပင်လယ်နီအတွင်းသွားလာနေသည့် သင်္ဘောများ၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်အခြေစိုက် စခန်းများအပေါ် တိုက်ခိုက်မှုူများအား ရပ်တန့်နိုင်ရေး ထိန်းချုပ်ပေးရန် မျှော်လင့်လျက်ရှိသည်။
အပြန်အလှန်အားဖြင့် အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူချက်ချမှတ်နိုင်ရေး လုပ်ဆောင်ရန်အီရန်က အမေရိကန်အား တောင်းဆိုထားကြောင်း သိရသည်။
#PAN

Telegram link

https://t.me/positiveanglenews