သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်းခံရ၍ ကျောက်တင်ရထားတစ်စီး သံလမ်းချော်တိမ်းမှောက်


မတ် ၁၈

ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်းခံရ၍ ကျောက်တင်ရထား တစ်စီး သံလမ်းချော် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်တင်ရထားသည် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိသို့ သွားရောက်မည့် ကျောက်တင်မီးရထားဖြစ်ကြောင်း သိရပြီး သထုံမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ်-၁၂၂/၃ နှင့် ၁၂၃/၁ အနီးတွင် မိုင်းထိ၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာ‌နေရာသို့ လုံး‌ခြုံရေးပူးပေါင်းအဖွဲ့များက သွားရောက်စ်ဆေး၍ လိုအပ်သောလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN