နမ္မတီးက ချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်(KBC)က အမှုတော်ဆောင်ဟောင်းတစ်ဦး ပစ်သတ်ခံရ


မတ် ၁၈

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ၊ လမ်းခွကျေးရွာ၊ ညောင်ပင်ရပ်ကွက်နေ အမျိုးသား ၁ ဦး အသတ်ခံရကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသည့် အမျိုးသားမှာ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဦးနမ်မြဲခွန်ဂျော်လီ၊ ဖြစ်ပြီး ၎င်း၏နေအိမ်ရှေ့ရှိ ကွန်ပျူတာဆိုင်တွင်ရှိနေစဉ် အကြမ်းဖက်သမား ၃ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ထက်မနည်း အနီးကပ်ပစ်သတ်သွားဖြင့် နေရာ၌သေဆုံးသွားကြောင်း သိရသည်။

ဘာသာရေးဆရာတစ်ဦးဖြစ်သူ ဦးနမ်မြဲခွန်ဂျော်လီသည် အကြမ်းဖက်အဖွဲ့များက ၎င်း၏ ဦးခေါင်းငယ်ထိပ်နှင့် နောက်စေ့တို့တွင် အနီးကပ်ပစ်သတ်သွားခြင်းဖြစ်သည်။

ထိုသို့ လာရောက်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် အကြောင်းရင်းနှင့် လာရောက်ပစ်ခတ်သွားသူများကို မည့်သည့်အဖွဲ့က ဖြစ်ကြောင်း မသိရှိရသလို ဦးနမ်မြဲခွန်ဂျော်လီသည် နမ္မတီးကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်(KBC)က အမှုတော်ဆောင်ဟောင်းတစ်ဦး ဖြစ်သည့်အပြင် လူထုအခြေပြုမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့(Pat Jasan)နှင့် ရပ်ရွာအကျိုးလှုပ်ရှား‌ရေးမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသူလည်းဖြစ်ကြောင်း ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ဒေသခံတစ်ဦးထံမှ သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN