တောင်ငူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့


မတ် ၁၈

တောင်ငူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့


မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ယမန်နေ့ ည ၉ နာရီအချိန်ခန့်က ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦးကို အကြမ်းဖက်သမားများက အုပ်စုဖွဲ့လုပ်ကြံသတ်ဖြတ်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရှိရသည်။

ဖြစ်စဥ်မှာ တော့တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကန်တစ်ရာကျေးရွာတွင်နေထိုင်သူ ပြည်ခိုင်ဖြိုးပါတီရဲ့ တောင်ငူမြို့နယ်ရဲ့တွဲဘက်ကော်မတီဝင် တာဝန်ယူထားသူ ဦးစိန်မြင့်၊ အသက် ၅၉ နှစ်၊ (ဘ)ဦးကျော်ညိမ်းသည် ယမန်နေ့နေ့ ည ၉ နာရီအချိန်ခန့်တွင် ၎င်း၏နေအိမ်၌ရှိနေစဥ် အကြမ်းဖက် KNU/PDFအဖွဲ့များ ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းစဥ် ဦးစိန်မြင့်မှ ထွက်ပြေးခဲ့ရာ နေအိမ်ခြံဝန်း၏ ခြံတစ်ခြံကျော်အရောက်တွင် အကြမ်းဖက်သမားမျာက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လက်မောင်း ၁ ချက်၊ ကျောဘက် ၁ ချက် ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာအနီးတွင်ပင် သေဆုံးသွားခဲ့ကြကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN