EV ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခုကို မတည်ငွေခွင့်ပြု


မတ် ၁၇

EV လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုနဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုတို့ကို ရင်းနှီးမြှုပ်နှံမှု မတည်ငွေကျပ်သန်း သုံးသောင်းကျော်နဲ့ ခွင့်ပြုပေးထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီနှစ်ခုကတော့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဖြစ်ပြီး နောက်ထပ် မြန်မာနိုင်ငံ သားပိုင်ကုမ္ပဏီနှစ်ခုကလည်း ထပ်မံတင်ပြထားတာရှိပြီး ခွင့်ပြုမိန့် ထုတ်ပေးနိုင်ဖို ဆောင်ရွက်နေတယ်လို ဆိုပါတယ်။

လျှပ်စစ်သုံးမော်တော်ယာဉ်တွေ ထုတ်လုပ်တဲ့လုပ်ငန်းတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့အညီ ဦးစားပေးမြှင့်တင်တဲ့ ကဏ္ဍအဖြစ်သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်တွေ ထုတ်လုပ်တဲ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေကိုလည်း ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပကနေ လျှပ်စစ်သုံး EV ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီ ၈၀ ကျော် ရှိပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေကို သွင်းကုန် လိုင်စင် ထုတ်ပေးသွားမှာဖြစ်တယ်လို့လည်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN