ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံရောင်းချပေးခဲ့


မတ် ၁၇

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံရောင်းချပေးခဲ့


မတ် ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Online Trading Platform က တစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းကို မတ်လ ၁၅ ရက်မှာ ရောင်းချပေးခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရောင်းချပေးမှုဟာ အခုမတ်လအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို လေးကြိမ်မြောက် ထုတ်ရောင်းခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ သန်း၊ တရုတ်ယွမ် ၇ သန်း နဲ့ ထိုင်းဘတ် သန်း ၂၅၀ ကျော်အထိ ရောင်းချပေးပြီးဖြစ်တယ်လို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုလို နိုင်ငံခြားငွေတွေ တရားဝင် ထုတ်ရောင်းပေးတဲ့အတွက် ပိုကုန် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေ ဝယ်ယူရေးအခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို သိရပါတယ်။

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး နဲ့ ထိုင်းဘတ် သန်း ၃၀၀၊ ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် နဲ့ ထိုင်းဘတ် သန်း ၈၅၀ အထိ ရောင်းချပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရ ကုမ္ပဏီလေးခုရဲ့ လိုင်စင်တွေကို ရုပ်သိမ်းခြင်း ၊ဆိုင်းငံ့ခြင်းစတဲ့ အရေးယူမှုတွေလည်း ပြုလုပ်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN