ရန်ကုန်မှာ ရေကစားမဏ္ဍပ်များဆောင်ရွက်ခွင့် မတ်လကုန်အထိ လာရောက်လျှောက်ထားနိုင်


မတ် ၁၆

ရန်ကုန်မှာ ရေကစားမဏ္ဍပ်များဆောင်ရွက်ခွင့် မတ်လကုန်အထိ လာရောက်လျှောက်ထားနိုင်


မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်များဆောင်လုပ်ခွင့်ကို မတ်လကုန်အထိ လာရောက်လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းများနဲ့အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ်လ ၁၅ ရက်က စတင်ပြီး မတ်လ ၃၁ ရက်အထိ လျှောက်ထားရမယ်လို့ သိရှိရပြီး။ သတ်မှတ်စည်းကမ်းချက်များနဲ့ လျှောက်လွှာများကို စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနဲ့တံတား)မှာ ရယူနိုင်တယ်လို့ ဖော်ပြထားပြီး သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမှာ မဟုတ်ကြောင်း သိရှိရသည်။

ရေကစားမဏ္ဍပ်ဆောင်ရွက်ခွင့် လျှောက်ထားလိုသူများအနေနဲ့ ရေရရှိနိုင်ရေးနဲ့ ယာဉ်ကြောကြပ်တည်းမှု အခြေအနေပေါ်မူတည်ပြီး မဏ္ဍပ်အကြီးနဲ့ အလတ်များကို ခွင့်ပြုပေးမှာ ဖြစ်ကြောင်း သိရှိရပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN