နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ Unique ID နံပါတ်ရယူပြီးမှသာ လျှောက်ထားရမည်


မတ် ၁၆

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ Unique ID နံပါတ်ရယူပြီးမှသာ လျှောက်ထားရမည်


မတ် ၁၆

နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူတွေအနေနဲ့ Unique ID နံပါတ်(အရပ်အခေါ် စမတ်ကတ်) ရယူပြီးမှသာ လျှောက်ထားရမှာဖြစ်တယ်လို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရ ပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်မှုရှိမရှိကို e-ID စနစ်ထဲမှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတာဖြစ်ပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ပါတဲ့ အချက်အလက်နဲ့ e-ID စနစ်ထဲမှာရှိတဲ့ အချက်အလက်တွေ ကွဲလွဲမှုတချိုရှိနိုင်တာကြောင့် နိုင်ငံကူး လက်မှတ် လျှောက်ထားတဲ့အခါ အခက်အခဲဖြစ်နိုင်တယ်လိုလည်း ပြောပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ Unique ID နံပါတ်ကို အရင်ရယူပြီးမှ လျှောက်ထားရမှာ ဖြစ်တဲ့အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးရောက်မှ အချက်အလက်ကွဲလို အခက်အခဲဖြစ်ပေါ်တယ် ဆိုတာ မျိုးတွေ ကင်းဝေးသွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။

အခုလက်ရှိမှာတော့ e-ID စနစ်နဲ့ Unique ID နံပါတ်ထုတ်ပေးတဲ့ လုပ်ငန်းတွေကို ပြည်သူ့အင်အား ဦးစီးဌာနက မြိုနယ်အလိုက် ဆောင်ရွက်ပေးနေတယ်လို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ကနေ သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN