ဒိန်းမတ်အစိုးရက အမျိုးသမီးများကို စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရန် ဆန္ဒရှိနေ


မတ် ၁၆

ဒိန်းမတ်အစိုးရက အမျိုးသမီးများကို စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရန် ဆန္ဒရှိနေ


မတ် ၁၆

ဒိန်းမတ်နိုင်ငံတွင် အမျိုးသမီးများကို စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ခြင်းဖြင့် စစ်မှုထမ်းလူငယ် အရေ အတွက်ကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် က မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုပြင် စစ်မှုထမ်းရမည့်သက်တမ်းကိုလည်း လက်ရှိလေးလမှ ၂၁ လအထိတိုးမြှင့်ရန် ဒိန်းမတ်နိုင်ငံက ဆန္ဒရှိနေကြောင်း သိရသည်။ မိမိတိုအနေဖြင့် စစ်ကိုလိုလားမှုကြောင့် လက်နက်ပြန်လည်တပ်ဆင်လိုခြင်း မဟုတ်ဘဲ စစ်ကို ရှောင်လွှရေးအတွက် လက်နက်ပြန်လည်တပ်ဆင်လိုခြင်းဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံ၌ လက်ရှိအချိန်တွင် ပုံမှန်တပ်ဖွဲဝင်ဦးရေ ၉,၀၀၀ ထိရှိပြီး စစ်မှုထမ်းအဖြစ် ဆင့်ခေါ် ထားသူဦးရေ ၄,၇၀၀ အထိရှိသည်။ ဒိန်းမတ်အစိုးရအနေဖြင့် စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ထားသူအင်အားကို ဦးရေ ၅,၀၀၀ အထိ မြှင့်တင်ရေးအတွက် ဦးရေ ၃၀၀ ကို ထပ်တိုးဆင့်ခေါ်ရန် လိုလားလျက်ရှိသည်။

ဒိန်းမတ်နိုင်ငံသည် မြောက်အတ္တလန်တစ်စာချုပ်အဖွဲ(နေတိုး)၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှား-ယူကရိန်းစစ်ပွဲ၌ ယူကရိန်းကို ထောက်ခံထားသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN