ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူများ ထိခိုက်စေရန်ရည်ရွယ်၍ စာမေးပွဲဖြေနေသော စာဖြေခန်းအနီးဝန်းကျင်၌အကြမ်းဖက်အဖွဲ့များကဗုံးခွဲခဲ့


မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများ ထိခိုက်စေရန်နှင့် ကြောက်ရွံ့တုန်လှုပ်၍ စာမေးပွဲ ဆက်လက်မဖြေဆိုနိုင်စေရန် ရည်ရွယ်၍ အကြမ်းဖက်သောင်းကျန်းသူ KNU/PDF ပူးပေါင်းအဖွဲ့မှ စာမေးပွဲဖြေဆိုနေသော စာသင်ကျောင်းအနီးတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဝေါမြို့ ၊ အထက ကျောင်းဝန်း စာဖြေခန်းအတွင်း၌ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဥ် အချိန်တွင် စာသင်ကျောင်းအနီးရှိ ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံ ဘေးတွင်ရှိသော တံတားအနီးတွင် အကြမ်းဖက်သောင်းကျန်းသူများမှ ဗုံးထောင်ဖောက်ခွဲခဲ့သဖြင့် စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူအများ များစွာစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဖြစ်စဥ်နှင့် ပက်သတ်၍ လူနှင့်တိရိစ္ဆာန် ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် လွန်ခဲ့သောရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၌ စာမေးပွဲဖြေဆိုရန်လာသော ကျောင်းသား/ကျောင်းသူများ အား ဗုံးခွဲတိုက်ခိုက်ရန် ရည်ရွယ်၍ ပေါက်ကွဲအားအလွန်ပြင်းထန်သော ရှေ့ထွက်မိုင်း ၂ လုံးအား ထောင်ထားခဲ့ရာ ဒေသခံလုံခြုံရေးတပ်မတော်အဖွဲ့မှ အချိန်မှီ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း၊ နယ်မြေ ဒေသများမတည်ငြိမ်စေရန်နှင့် အများပြည်သူမှ ၎င်းတို့အဖွဲ့အား ပိုမိုကြောက်ရွံလာစေရန်ရည်ရွယ်၍ အကြမ်းဖက် လုပ်ငန်းများအား နေ့စဥ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN