မတ် ၁၅
တစ်ရွာတည်းနေ ပြည်သူ့စစ်တာဝန်ထမ်းဆောင်ခဲ့သူအား NLD အဖွဲ့ဝင် အကြမ်းဖက် PDF အဖွဲ့မှ အုပ်စုဖွဲ့လုပ်ကြံသတ်ဖြတ်
မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တစ်ရွာတည်းနေသူ ပြည်သူ့စစ်တာဝန်ထမ်းဆောင်ခဲ့သူအား တစ်ရပ်တည်းနေသူ NLD ပါတီအားပေး ထောက်ခံသူ ယခု PDF အကြမ်းဖတ်အဖွဲ့မှ အုပ်စုဖွဲ့၍ လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ အချိန်ခန့်က မြို့လှနယ်မြေရဲစခန်း၏ အရှေ့တောင်ဘက် (၃)ဖာလုံခန့်အကွာ ကြာအင်းကုန်းကျေးရွာအုပ်စုနေ မင်းမင်း ၊ ၄၅ နှစ်၊ (ဘ)ဦးကျော်(ယခင်ပြည်သူ့စစ်)အား တစ်ရွာတည်းနေသူ NLD ပါတီအား အားပေးထောက်ခံသူ အကြမ်းဖက် PDF အဖွဲ့ဝင် ကိုမင်းပါ ၃ ဦးမှ (အရပ် ဝတ်များဝတ်ဆင်၍ လက်နက်ကိုယ်စီကိုင်ဆောင်၍ ကြာအင်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် ဒေါင့်အင်းကုန်း ကျေးရွာဘက်မှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံး သွားခဲ့ပြီး ၎င်းအကြမ်းဖက်အဖွဲ့ဝင် ၃ ဦးသည် ဒေါင့်အင်းကုန်းကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံများထံကသိရသည်။ အခင်းဖြစ်နေရာသည် အကြမ်းဖက် PDF သောင်းကျန်းသူများ ဝင်ထွက်သွားလာရာနေရာဖြစ်ပါသည် ။
သေဆုံးသူ မင်းမင်းတွင် ယာဘက်မျက်လုံးမှ ဖောက်ဝင်ပြီး ယာဘက်နားထင်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက် နောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံစောင်းမှ ဖောက်ဝင်ပြီး ဝဲနောက်ကျော ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်။
တိုက်နယ်ဆေးရုံသို့ညနေ ၃ နာရီ ၃၅ မိနစ်အချိန် ရဲမှုခင်းဆေးစာဖြင့် ပို့ဆောင်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် တိုက်နယ် ဆေးရုံတာဝန်ခံ မှ (PM 5/2024)ဖြင့် လက်ခံထားရှိခဲ့ပြီး ဖြစ်စဥ်အား မြို့လှရဲစခန်းမှ (ပ) ၁၄/ ၂၀၂၄ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ ဖြင့်အမှုဖွင့် စုံစမ်းအရေးယူထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join