ရေပန်းစားခဲ့သော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်း ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်မည်


မတ် ၁၄

ရေပန်းစားခဲ့သော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်း ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်မည်


မတ် ၁၄

ထိုင်းလူငယ် နိုင်ငံရေးသမား ဦးဆောင်ခဲ့ပြီး ရေပန်စားခဲ့သည့် Move Forward ပါတီအား ဖျပ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တောင်းဆိုမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။

အဆိုပါ ပါတီဖျက်သိမ်းရေး တောင်းဆိုမှုလုပ်ဆောင်ရန် ကော်မရှင်အဖွဲ့ဝင်များ တညီတညွှတ်တည်း သဘောတူခဲ့ကြောင်း သိရသည်။

Move Forward ပါတီသည် ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ ပီတ လင်ဂျာရိုရွတ် ဦးဆောင်မှုနှင့် ဘုရင်စနစ် ဆန့်ကျင်ရေးများ ပြုလုပ်ကာ မဲဆွယ်ခဲ့သည့် ပါတီလည်းဖြစ်သည်။

ဘုရင်စနစ်ကို ဝေဖန်ခြင်း လှောင်ပြောင်သရော်ခြင်းကြောင့် အဆိုပါ ပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးစီရင်ချက်ချပြီးနောက် အဆိုပါ လှုပ်ရှားမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတော်၏ အကြီးအကဲဖြစ်သော ဘုရင်စနစ်ကို ပျက်ပြားစေသည့် အထောက်အထားများရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ပါတီဖျက်သိမ်းခံရပါက အဆိုပါ ပါတီ၏ ခေါင်းဆောင်များလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်းသိရသည်။

Move Forward ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ Parit Wacharasindhu က ၎င်းတို့ပါတီအနေဖြင့် ဒီမိုကရေစီနစ်နှင့် နိုင်ငံဦးဆောင်နေရာမှ ဖြုတ်ချရန် ရည်ရွယ်ချက်မရှိကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့ပါတီ အပြစ်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင် သက်သေပြသွားမည်ဟုဆိုသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN