နာမည်ကျော် Tiktok ကို ပိတ်ပင်မည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်အတည်ပြု


မတ် ၁၄

နာမည်ကျော် Tiktok ကို ပိတ်ပင်မည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်အတည်ပြု


မတ် ၁၄

Tiktok ၏ ကိုယ်ရေးအချက်အလက်ရယူမှုများကြောင့် လုံခြုံရေးစိုးရိမ်ပူပန်မှုကြောင့် ပိတ်ပင်မည့် ဥပဒေကြမ်းတစ်ရပ်အား အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား လူမှုကွန်ယက်တွင် လူသိများကြော်ကြားသူများမှ ဆန့်ကျင်ခဲ့ကြပြီး အပျက်သဘောဆောင်သည့်လုပ်ရပ်ဟု ဝေဖန်နေကြသည်။

Tiktok သည် တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် ByteDance ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူပေါင်း ၂ ဘီလီယံကျော် ဝန်းကျင်ရှိသည့် လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် Tiktok အသုံးပြုသူ အများဆုံးနိုင်ငံဖြစ်ပြီး လစဉ် သုံးစွဲသူ သန်း ၁၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

Tiktok App အား ပိတ်ပင်သည့် ဥပဒေကြမ်းအား အထက်လွှတ်တော်မှ အတည်ပြုပြီးပါက သမ္မတဘိုင်ဒန်က လက်မှတ်ထိုး အတည်ပြုမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN